နေလဆရာမင်းသီလကို ၁၉၇၇ ခုနှစ်တွင် ရန်ကုန်မြို့၌ မိသားစု၏ သားဦးရတနာအဖြစ် မွေးဖွားခဲ့သည်။ သူ၏ ပညာရေးခရီးလမ်းကို ၁၉၈၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ရန်ကုန်မြို့ရှိ သမိုင်းဝင် အမှတ် (၆) ဗိုလ်တထောင် အခြေခံပညာအထက်တန်းကျောင်း (St. Paul's) တွင် စတင်ခဲ့သည်။ ထို့နောက် နည်းပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် ၁၉၉၅ ခုနှစ်တွင် သန်လျင် GTI သို့ တက်ရောက်ခဲ့ပြီး Electronic & Communication ကို စိတ်အားထက်သန်စွာ လေ့လာဆည်းပူးခဲ့သည်။
သူသည် ပညာရေးခရီးကို ထိုမျှနှင့် ရပ်တန့်မထားဘဲ ၂၀၀၁-၂၀၀၂ ခုနှစ်တွင် B.Tech ဘွဲ့ကို ရယူခဲ့သည်။ ၁၉၉၅ ခုနှစ် အစောပိုင်းကာလများတွင် သူ၏ ဘဝအလှည့်အပြောင်းဟု ဆိုနိုင်သော၊ လူသားတို့အတွက် လမ်းညွှန်မှုပေးနိုင်သည့် ဆန်းကြယ်သော ဗေဒင်ပညာရပ်အပေါ် စိတ်ဝင်စားမှုကို စတင်တွေ့ရှိခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ဝါသနာအရသော်လည်းကောင်း၊ လူသားများအပေါ် ကူညီလိုသည့် စာနာစိတ်ဖြင့်သော်လည်းကောင်း အခမဲ့ ဗေဒင်ဟောပြော ဆွေးနွေးပေးခဲ့သည်။
See More
နေလဆရာမင်းသီလနှင့် ကံကြမ္မာတိုင်ပင်ဆွေးနွေးလိုသော ဇာတာရှင်များအနေဖြင့် တွေ့ဆုံဆွေးနွေးရန် အနည်းဆုံး ၁ ရက် ကြိုတင်၍ ရက်ချိန်း (ဘိုကင်) ရယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဟောခန်းထိုင်သည့်ရက်နှင့် နှုန်းထားများ -
• ကြာသပတေး၊ သောကြာ၊ စနေ (ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်) - လူချင်းတွေ့ဆုံဆွေးနွေးခြင်း တစ်ဦးလျှင် ၂ သောင်းကျပ်။
• တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး (ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ဗိုလ်အောင်ကျော်လမ်း ထောင့်) - လူချင်းတွေ့ဆုံဆွေးနွေးခြင်း (အထူးကဏ္ဍ) တစ်ဦးလျှင် ၁ သိန်းကျပ်။
• တနင်္လာနေ့မှ စနေနေ့အထိ - အွန်လိုင်းမှ ဇာတာစစ်ဆေးခြင်း တစ်ဦးလျှင် ၂ သောင်းကျပ်။
(တနင်္ဂနွေနေ့တိုင်း ဟောခန်းပိတ်ပါသည်)
အမည်ပေးခြင်းနှင့် ယတြာကိစ္စရပ်များ -
• ရတနာကလေးငယ်များ အမည်ပေးခြင်း - ၅ သောင်းကျပ် (ရွေးချယ်ရန် သင့်တော်သည့် အမည်ကောင်း ၅ ခု ပေးပါမည်)
• စီးပွားရေးလုပ်ငန်း အမည်ပေးခြင်းနှင့် အိမ်ခြံမြေ အရောင်းအဝယ် ကံပွင့်ယတြာများ - ၁ သိန်းကျပ်
ဆွေးနွေးရန် လိုအပ်မည့် အချက်အလက်များ -
မေးမြန်းလိုသည့် အကြောင်းအရာ၊ မေးမြန်းသူအမည်၊ မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) နှင့် မွေးချိန်နာရီ (ရှိလျှင်) ပေးပို့ပေးရပါမည်။
(မှတ်ချက်။ အထူးအစီအရင်နှင့် အထူးယတြာပြုလုပ်ခြင်းများအတွက် သီးသန့်မေးမြန်းဆွေးနွေးနိုင်ပါသည်)